Test

Tuesday, November 4, 2008

ကျွန်တော့်ရဲ့ နည်းပညာမှတ်စု ဘလော့ကို ပိတ်ထားတာ(၁၀) ရက်ရှိပါပြီ။ ပိတ်တုန်းက ဘလော့ကို ပြင်မယ်ဆိုပြီးပိတ်ထားတာ။ ဘလော့ပိတ်ပြီးကတည်းက ကျွန်တော်လည်းနေမကောင်း ဖြစ်နေတာ ခုမှပဲကောင်းတော့တယ်။ ဘလော့ကိုလာအားပေးကြတဲ့သူတွေကိုလည်းအားနာပါတယ်။ ဒါကြောင့်ဒိနေ့ဘဲ ဘလော့ကိုပြန်ဖွင့်ပေးလိုက်ပါပြီ။ ဘလော့ကိုတော့ နောက်မှပဲဖြည်းဖြည်းချင်းပြင်တော့မယ်။ ဒီနေ့ ဘလော့ ပြန်အဖွင့်မှာ ကွန်ပျူတာကို နှေးနေတယ်၊ လေးနေတယ်ထင်ရင် မြန်လာအောင်လုပ်လို့ရတဲ့နည်းလေးတွေကို သိသလောက်ပြောပြပါ့မယ်။
ဒီ Post မှာတော့ Registry ကလေ လုပ်လို့ရတဲ့နည်းတွေကို ပြောပြမယ်။ နောက်နေ့မှာပဲ ကျန်တာတွေကို ဆက်ပြောတော့မယ်။ အချိန်ကလဲသိပ်မရလို့ပါ။ ကဲကွန်ပျူတာတစ်လုံးကို ပိုမိုမြန်ဆန်လာအောင် ဘယ်လိုလုပ်ကြမလဲဆိုတာစကြရအောင်။ အရင်ဆုံးလုပ်ရမှာကတော့ Registy ကလုပ်မှာဖြစ်တဲ့အတွက် Start ကလေ Run ကိုဖွင့်လိုက်ပါ။ ပြီးရင် regedit လို့ရိုက်ပြီး Enter ခေါက်ပါ။ Registy Editor ပေါ်လာပါလိမ့်မယ်။ Registy Editor မှာအောက်က ပြောတဲ့အတိုင်းလေးလိုက်လုပ်လိုက်ပါ။

1 Comment:

servena said...

fjfskfifffnfnifjoiasfj